UFC ရဲ့ အသက်အငယ်ဆုံးချန်ပီယံ Joshua Van စိန်ခေါ်သူ Tatsuro Taira ကို အပြတ်အသတ် အနိုင်ယူပြီး ချန်ပီယံနေရာကာကွယ်
- thevoiceofchinland
- May 14
- 2 min read
VOC/ May 10, 2026
UFC ရဲ့ အသက်အငယ်ဆုံး ချန်ပီယံ မြန်မာနွယ်ဖွား ချင်းUFC တိုက်ခိုက်ရေးသမား Joshua Van ဟာ သူ့ရဲ့ ပထမဆုံးချန်ပီယံနေရာကာကွယ်ပွဲမှာ စိန်ခေါ်လာတဲ့ ဂျပန်တိုက်ခိုက်ရေးသမား Tatsuro Taira ကို ငါးချီထိုးသတ်အပြီး နောက်ကျ TKO နဲ့ အနိုင်ယူခဲ့ပါတယ်။
UFC ရဲ့ အသက်အငယ်ဆုံးချန်ပီယံဖြစ်တဲ့ Joshua Van ဟာ သူ့ရဲ့ ပထမဆုံး ချန်ပီယံကာကွယ်ပွဲကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တာပါ။ Van (17-2) က အရင်တုန်းက ချန်ပီယံခါးပတ်ကို Alexandre Pantoja ရဲ့ မမျှော်လင့်ထားတဲ့ ဒဏ်ရာကြောင့် ရခဲ့တာဆိုပေမယ့် ဒီတစ်ကြိမ်အနိုင်ပွဲကတော့ အပြည့်အဝ ထိုက်တန်တဲ့နိုင်ပွဲဖြစ်ခဲ့ပါတယ်။
သူဟာ significant strikes အရေအတွက်မှာ Taira ကို 131-55 နဲ့ အသာစီးရခဲ့သလို takedown attempt 21 ကြိမ်ထဲက 13 ကြိမ်ကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ်။ Taira (18-2) က takedown အောင်မြင်ခဲ့တဲ့အချိန်တွေမှာတောင် ထိရောက်တဲ့ damage မပေးနိုင်ခဲ့ပါဘူး။
ဒီပွဲဟာ UFC သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး title fight လည်း ဖြစ်ခဲ့ပါတယ်။ အသက် 24 နှစ်ရှိ Van နဲ့ 26 နှစ်ရှိ Taira တို့ ထိုးသတ်ခဲ့ကြပြီး UFC title အတွက် အာရှမွေးဖွား fighter နှစ်ယောက် ပထမဆုံး ယှဉ်ပြိုင်တဲ့ပွဲလည်း ဖြစ်လာခဲ့ပါတယ်။
ပထမနှစ်ချီအတွင်းမှာတော့ Taira က ground control ပိုင်းမှာ အသာရနေသလို မြင်ရပေမယ့် ထိရောက်တဲ့ damage မလုပ်နိုင်ခဲ့ပါဘူး။ ပွဲအလှည့်အပြောင်းကတော့ Taira က kick တစ်ချက်ကန်လိုက်ချိန် Van က ညာလက်ထိုးချက်ပြင်းပြင်းနဲ့ မျက်နှာတည့်တည့် ထိုးချလိုက်တဲ့အချိန်မှာ ဖြစ်လာခဲ့တာပါ။ အဲဒီအချိန်မှာ နာရီပေါ်မှာ စက္ကန့် 30 ကျော်သာ ကျန်ခဲ့လို့ Taira က somehow survive လုပ်နိုင်ခဲ့ပေမယ့် အဲဒီ punch က နောက်ပိုင်းဘာဖြစ်မလဲဆိုတာ ကြိုပြသလို ဖြစ်နေခဲ့ပါတယ်။
တတိယအချီမှာ Van က power shot တွေကို စိတ်ကြိုက်ထိုးနိုင်ခဲ့ပြီး submission နဲ့ပွဲသိမ်းဖို့ အခွင့်အရေးတောင် ရခဲ့ပါတယ်။ ဒါပေမယ့် Taira က rear-naked choke attempt ကနေ လွတ်မြောက်ခဲ့ပြီး နောက်ဆုံးတစ်မိနစ်မှာ takedown အောင်မြင်စွာလုပ်ကာ အန္တရာယ်ကို လျှော့ချနိုင်ခဲ့ပါတယ်။
စတုတ္ထအချီမှာ Van က stand-up ပိုင်းမှာ အသာရနေသလို Taira ကလည်း ground ပေါ်ကို အကြိမ်အနည်းငယ်ခေါ်ချနိုင်ခဲ့ပါတယ်။ ပဉ္စမအချီမှာတော့ Van က TKO နဲ့ ပွဲသိမ်းနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ Van က “Tatsuro က တကယ်မာတဲ့လူပဲ ။ ကျွန်တော့် coach Daniel Pineda ကိုလည်း shout out ပေးချင်ပါတယ်။ သူက ‘body ကိုထိုး၊ ပြီးရင် finish လုပ်နိုင်မယ်’ လို့ ပြောခဲ့တာ။ Body ကိုစထိုးလိုက်တာနဲ့ ပွဲပြီးသွားတာပဲ” လို့ ပြောခဲ့ပါတယ်။
ဒီရှုံးနိမ့်မှုကြောင့် Taira ဟာ UFC title fight ရှုံးနိမ့်တဲ့ ဂျပန် fighter ရှစ်ယောက်မြောက် ဖြစ်လာခဲ့ပါတယ်။ MMA အားကစားမှာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်ကတော့ UFC ချန်ပီယံ ပထမဆုံးရဖို့ ဆက်လက်စောင့်ဆိုင်းနေရဆဲပါ။
Van က flyweight division ထိပ်ဆုံးမှာ ဆက်ရှိနေတဲ့အတွက် ဒဏ်ရာကနေ ပြန်ကောင်းလာပြီဖြစ်တဲ့ Pantoja နဲ့ rematch ထိုးဖို့က သဘာဝကျတဲ့နောက်တစ်ဆင့်လို့ မြင်နေကြပါတယ်။ Manel Kape ကလည်း title shot စောင့်နေဆဲဖြစ်ပေမယ့် စနေနေ့က Prudential Center မှာ Pantoja ကိုယ်တိုင် ရှိနေခဲ့ပါတယ်။Van ကလည်း rematch အတွက် အဆင်သင့်ဖြစ်နေကြောင်းကို “မင်းအဆင်သင့်ပြင်ထား။ ပြန်ထိုးချင်ရင် ပြန်ထိုးကြတာပေါ့” လို့ Pantoja ကို ပြောဆိုခဲ့ပါတယ်။
Source - UFC 328, Uncrowned




Comments