top of page

UFC ဖလိုင်းဝိတ်ချန်ပီယံ Joshua Van မီဇိုရမ်ပြည်နယ်သွားမည်

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 14
  • 1 min read

VOC/ May 9, 2026


UFC ဖလိုင်းဝိတ်ချန်ပီယံ Joshua Van ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကိုလာရောက်ဖို့ရှိတယ်လို့ မီဇိုရမ် ပြည်နယ်က အကြီးဆုံးသော ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Zonet Cable TV က ဖော်ပြပါတယ်။

မီဇိုရမ်ပြည်နယ်ဘက်စုံသုံးကိုယ်ခံပညာအသင်း Mizoram State Mixed Martial Arts Association (MISMA)က လာမယ့်မေလ ၃၀ ရက်နေ့မှာ ကျင်းပမယ့် Fight Night ပွဲစဉ်မှာ ချင်းဖိုက်တာ Joshua Van တက်ရောက်လာမယ်လို့ Zonet Cable TV ကဖော်ပြပြီး အသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ချင်းဖိုက်တာ Joshua Van ဟာ သူ့ရဲ့ ပထမဆုံး ချန်ပီယံခါးပတ် ကာကွယ်ပွဲကို ဂျပန်ဖိုက်တာ တာဆူရိုတိုင်ရာ နဲ့ မေလ ၉ ရက်နေ့မှာ ယှဉ်ပြိုင်ထိုးသတ် တော့မှာဖြစ် ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ New Jersey ပြည်နယ်၊ Newark မြို့က Prudential Center မှာ ကျင်းပမယ့် UFC 328 ပွဲစဉ်မှာ အဓိကတွဲဆိုင်း ဒုတိယ ခေါင်ပွဲအနေဖြင့် ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ အာရှဒေသ ကနေတော့ မေလ ၁၀ ရက် တနင်္ဂနွေမနက်ပိုင်းမှာ တိုက်ရိုက်ကြည့်ရှုနိုင်မှာြဖစ်ပါတယ်။



 
 
 

Comments


bottom of page