UFC ဖလိုင်းဝိတ်ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van ယနေ့ညနေပိုင်းမှာ မလေးရှားရောက်မည်
- thevoiceofchinland
- May 25
- 1 min read
VOC/ May 25, 2026
UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်ကို ယနေ့ညနေပိုင်း ၆ နာရီမှာ ရောက်ရှိလာမယ်လို့ မလေးရှား Chin Refugee Committee က အသိပေးထုတ်ပြန်ပါတယ်။
နိုင်ငံ့ဂုဏ်ဆောင် ကမ္ဘာကျော် ချင်းဖိုက်တာကို ကြိုဆိုဖို့အတွက် မလေးရှားမှာတရားဝင်နေထိုင်ခွင့်အထောက်အထား ရှိသူအားလုံး လေဆိပ်သို့လာရောက်နိုင်ကြောင်း မလေးရှား Chin Refugee Committee က အသိပေးထုတ်ပြန် ပါတယ်။
ချင်းဖိုက်တာ Joshua Van ဟာ မေလ ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် CRC ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားမှာ အထူးဧည့်သည်တော်အနေဖြင့်တက်ရောက်မှာဖြစ်ပါတယ်။ Joshua Van နဲ့အတူ နိုင်ငံကျော် အဆိုတော် ဖြူဖြူကျော်သိမ်းလည်း တက်ရောက်လာမှာဖြစ်ပြီး မနေ့က မလေးရှားကိုရောက်လာပြီဖြစ်ပါတယ်။
ယနေ့ညပိုင်း ၇ နာရီကနေ ၁၀ နာရီအထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ICC Pudu, Hall , Level 6 မှာ Joshua Van နဲ့ ဖြူဖြူကျော်သိမ်းတို့ရဲ့ အထူးပရိတ်သတ်တွေ့ဆုံပွဲရှိမှာဖြစ်ပြီး မလေးရှားရောက်မြန်မာနိုင်ငံသားမည်သူမဆို လွတ် လပ်စွာသွားရောက်တွေ့ဆုံနိုင်တယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။





Comments