top of page

Tlangzar ရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲ၊ ထိခိုက်ပျက်စီးမှုရှိ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 17
  • 1 min read

VOC/ April 18, 2026

ချင်းပြည် ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးလမ်းမပေါ်မှာတည်ရှိတဲ့ Tlangzar ကျေးရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ မနက်အစောပိုင်း ၃ နာရီဝန်းကျင်မှာ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ယနေ့ဧပြီလ ၁၈ ရက်မနက်အစောပိုင်း ၁ နာရီဝန်း ကျင်မှာ Y 12 လေယာဉ်ဖြင့် အနီးပတ်ဝန်းကျင်ကို ကင်းထောက်ပျံဝဲခဲ့ပြီးနောက် မနက် ၃ နာရီလောက်မှာ Tlangzar ရွာ EPC ရပ်ကွက်က ဝန်ထမ်းအိမ်ရာအနီးကို ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုမရှိပေမယ့် နေအိမ်တချို့ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါ တယ်။

“မနက် ၁ နာရီလောက်မှာ Y 12 လေယာဉ်နဲ့ပတ်လာလို့ ညကြီးမှာ ဒေသခံတွေ ရှောင်ကြတယ်၊ မနက် ၃ နာရီလောက် မှာ EPC ရပ်ကွက်က ဝန်ထမ်းအိမ်ရာဘက်ကို ဗုံးတစ်လုံးကြဲသွားတာ” ဟု ဒေသခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ကလည်း ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ပေါ်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ လို့ အရပ်သား ၁ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်းဒဏ်ရာရရှိပြီး အဆောက်အအုံ ၂၀ ကျော်ပျက်စီးခဲ့ပါတယ်။


 
 
 

Comments


bottom of page