Salai Thawng Za Ceu ကျဆုံးမှု တော်လှန်ရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဟု ZZLMS ပြော
- thevoiceofchinland
- Jul 2
- 1 min read
VOC/ July 1, 2026
ချင်းပြည် ဟားခါးမြို့နယ်ထဲမှာ အခြေစိုက်လှုပ်ရှားနေတဲ့ Senthang Revolution Force – SRF ရဲ့ ကာကွယ် ရေးအတွင်းရေးမှူးလည်းဖြစ် ZZLMS ရဲ့ စစ်ဦးစီးချုပ်ဖြစ်တဲ့ Salai Thawng Za Ceu ကျဆုံးမှုဟာ တော်လှန်ရေး အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ZZLMS က ဒီကနေ့မှာ ဝမ်းနည်းကြောင်း ထုတ်ပြန်ပါတယ်။
ZZLMS ရဲ့ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Salai Thawng Za Ceu ဟာ တော်လှန် ရေးနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်များဆောင်ရွက်နေစဉ် ၂၀၂၆ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့မှာ ယာဉ်မတော်တဆမှုကြောင့် ကျဆုံးသွားခဲ့တာဖြစ်ပါ တယ်။
Salai Thawng Za Ceu ဟာ ZZLMS စစ်ဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတစ်လျှောက်မှာ ကိုယ်စွမ်း ညဏ်စွမ်းအပြည့်ဖြင့် တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်များကို ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အပြင် ရဲဘော်ရဲဘက် စိတ်အပြည့်ရှိသူဖြစ်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက်အရေးပါသောပုဂ္ဂိုလ်ဖြစ်တယ်လို့ ZZLMS ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
Salai Thawng Za Ceu ကျဆုံးသွားတာဟာ တော်လှန်ရေးအတွက်ကြီးမားသောဆုံးရှုံးမှု ဖြစ်ပြီး သက်ဆိုင်ရာ မိခင်အဖွဲ့အစည်း၊ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ထပ်တူဝမ်းနည်းကြောင်းလည်း ZZLMS က ထုတ်ပြန်ပါတယ်။
ZZLMS အဖွဲ့ဟာ ချင်းပြည်နယ် ဟားခါး၊ ထန်တလန်၊ မတူပီမြို့နယ်တွေမှာ အခြေစိုက်တဲ့ CDF-Zotung, CDF-Zophei, CDF-Lautu, CDF-Mara နှင့် Senthang Revolution Force – SRF စတဲ့ ချင်းလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ ၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားတဲ့ မဟာမိတ်ညီနောင်အဖွဲ့ဖြစ်ပါတယ်။




Comments