Nvidia က ကိုယ်ပိုင် AI အေးဂျင့်အဖြစ် သုံးနိုင်မည့် "RTX Spark" အမည်ရှိ PC Chip အသစ်မိတ်ဆက်
- thevoiceofchinland
- Jun 2
- 1 min read
VOC/ June 1, 2026
PC များအတွက် "RTX Spark" အမည်ရှိ ချစ်ပ်ပြားများကို Nvidia ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Jensen Huang က ဇွန်လ ၁ ရက်နေ့က စတင်မိတ်ဆက်လိုက်ပါတယ်။
"အခုလို ကွန်ပျူတာတွေကို တစ်ကျော့ပြန် ဆန်းသစ်တီထွင်လိုက်နိုင်တာဟာ ဖုန်းတွေကို စမတ်ဖုန်းအဖြစ် ပြောင်းလဲဆန်းသစ်ခဲ့စဉ်ကလိုပဲ အလွန်အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်" လို့ Huang က ပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရကလည်း မေလ ၃၁ ရက်နေ့က တရုတ်ကုမ္ပဏီများထံ Nvidia ရဲ့ အဆင့်မြင့်ဆုံးချစ်ပ်များ ရောင်းချခြင်းအပေါ် ကန့်သတ်တဲ့ စည်းမျဉ်းတွေကို ပိုပြီး တင်းကြပ်လိုက်ပါတယ်။
RTX Spark ဟာ ကိုယ်ပိုင် AI အေးဂျင့် (AI Agents) များမှာ အသုံးပြုနိုင်ဖို့ 'စူပါချစ်ပ်' အသစ်တစ်ခု" ဖြစ်ပြီး ကွန်ပျူတာကို အသုံးချကိရိယာတစ်ခုအဆင့်မှ အတူတကွလုပ်ဆောင်ဖော် (Teammate) တစ်ဦးအဆင့်ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါချစ်ပ်ကို Lenovo၊ HP၊ Dell၊ Microsoft Surface၊ Asus နဲ့ MSI တို့က ထုတ်လုပ်မယ့် Windows PC အမျိုးအစားသစ်တွေမှာ ထည့်သွင်းထုတ်သွားမှာ ဖြစ်ပြီး အခုနှစ်ဆောင်းဦးက စတင် ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ Acer နဲ့ Gigabyte တို့ရဲ့ မော်ဒယ်တွေက နောက်ပိုင်းမှာမှ ထွက်လာမှာ ဖြစ်ပါတယ်။
PC ဈေးကွက်အတွင်းရှိ Apple နဲ့ Intel တို့လို နာမည်ကြီး ကုမ္ပဏီကြီးများကို စိန်ခေါ်လိုက်ခြင်းဖြစ်ပြီး Gartner သုတေသနလုပ်ငန်းရဲ့ အဆိုအရ အခုနှစ် ပထမသုံးလပတ်အတွင်း Lenovo၊ HP၊ Dell နှင့် Apple တို့ဟာ ကမ္ဘာ့ PC ဈေးကွက် ၇၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပါတယ်။
AI နည်းပညာကို မောင်းနှင်နေတဲ့ Data Center များ အရှိန်အဟုန်မြင့်လာတာကြောင့် Nvidia ဟာ လက်ရှိတွင် စျေးကွက်တန်ဖိုး စုစုပေါင်း ဒေါ်လာ ၅ ထရီလီယံ (£၃.၇ ထရီလီယံ) ကျော်နဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီတစ်ခု ဖြစ်လာပါတယ်။
Source - BBC News




Comments