top of page

NATO နဲ့ အမေရိကန်ကြားက တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ NATO အကြီးအကဲ အိမ်ဖြူတော်သွားရောက်တွေ့ဆုံ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

VOC/ June 25, 2026


NATO အကြီးအကဲ Mark Rutte ဟာ NATO တပ်ဖွဲ့နဲ့ အမေရိကန်သမ္မတ Donald Trump အကြားက တင်းမာမှုတွေကို လျှော့ချနိုင်ဖို့အတွက် ဇွန်လ ၂၄ ရက်နေ့က အိမ်ဖြူတော်ကို သွားရောက်ပြီး Trump နဲ့တွေ့ဆုံခဲ့ပါတယ်။

Trump ဟာ NATO မဟာမိတ်တွေဟာ အီရန်စစ်ပွဲကို မထောက်ခံခြင်းကြောင့် စိတ်ပျက်မိကြောင်းနဲ့ ဥရောပမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ရုတ်သိမ်းဖို့စဉ်းစားနေကြောင်း ပြောဆိုခဲ့ပါတယ်။ Rutte ကတော့ မဟာမိတ်တွေဘက်က ကာကွယ်ပြောဆိုပြီး ပဋိပက္ခအတွင်း ဥရောပရှိ အခြေစိုက်စခန်းများမှ အမေရိကန်လေယာဉ် ၄၀၀၀ မှ ၅၀၀၀ အထိ ပျံသန်းခဲ့ကြောင်း ထောက်ပြခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့တွေ့ဆုံမှုမှာ "ကျွန်တော်တို့ စိတ်ပျက်ခဲ့ရပါတယ်။ ဒီကိစ္စမှာ အကူအညီ လုံးဝ မလိုအပ်ပါဘူး။ ပထမအပတ်မှာတင် အီရန်ကို ကျွန်တော်တို့ ဖျက်ဆီးခဲ့ပေမယ့် သူတို့က 'ကျွန်တော်တို့ ကူညီချင်ပါတယ်' လို့ ပြောခဲ့ရင် ကောင်းမှာပဲ" လို့ Trump က အိမ်ဖြူတော်ရဲ့ Oval Office မှာ Rutte နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

ထို့အပြင် Rutte က Trump ရဲ့ ဖိအားပေးမှုကြောင့် ဥရောပနှင့် ကနေဒါနိုင်ငံများက ကာကွယ်ရေးအသုံးစရိတ်ကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၂ ထရီလီယံ ခန့် တိုးမြှင့်ခဲ့ကြောင်း ပြောကြားပြီး၊ Trump ၏ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရေး တောင်းဆိုမှုကိုလည်း ချီးကျူးပြောဆိုခဲ့ပါတယ်။

Rutte က NATO နိုင်ငံတွေရဲ့ အပြုအမူကို ကာကွယ်ပြောဆိုခဲ့ပြီး စစ်ပွဲအတွင်း "အမေရိကန်လေယာဉ် ၄၀၀၀ မှ ၅၀၀၀ အထိ ဥရောပက အခြေစိုက်စခန်းတွေကနေ ပျံတက်သွားခဲ့တယ်" လို့ ခုခံခဲ့ပါတယ်။ အစည်းအဝေးအပြီးမှာ NATO အကြီးအကဲက Trump ဟာ "NATO မဟာမိတ်အဖွဲ့အပေါ် လုံးဝ ကတိကဝတ်ပြုထားပါတယ်။ တိုက်ခိုက်မှုခံရရင် ဥရောပကို အမေရိကန်က "လုံးဝ" ကာကွယ်ပေးမယ်" လို့ " လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

NATO အဖွဲ့ဝင် ၃၂ နိုင်ငံမှ ခေါင်းဆောင်တွေဟာ လာမယ့် ဇူလိုင်လ ၇ ရက်မှ ၈ ရက်နေ့အထိ တူရကီနိုင်ငံ၊ အင်ကာရာမြို့မှာ NATO ထိပ်သီးအစည်းအဝေးအတွက် တွေ့ဆုံကြမှာဖြစ်ပါတယ်။


Source - France 24, AP News



 
 
 

Comments


bottom of page