KNU က အကြမ်းဖက်စစ်တပ်စခန်း ၂ ခုသိမ်းပိုက်၊ စစ်တပ်ဘက်က တပ်ကြပ်ကြီးတစ်ဦးအပါဝင် ၆ ဦးထက်မနည်းသေဆုံး
- thevoiceofchinland
- May 25
- 1 min read
VOC/ May 25, 2026
ကရင်အမျိုးသားအစည်းအရုံး KNU က ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မူးမြို့နယ်ထဲက အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်း ၂ ခုကို သိမ်းပိုက်ပြီး တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ၆ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မူးမြို့နယ် ရွာကြီးအင်း နဲ့ တောင်စုကျေးရွာကြားမှာတပ်စွဲထားတဲ့ စကခ-၂၀ လက်အောက်ခံ ခမရ ၅၈၂ တပ်ရင်းတပ်ဖွဲ့ ကို မေလ ၂၂ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၃) တပ်ရင်း(၈) က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဘီဗြဲစခန်းဘေး ထီးလေးထာ နေရာမှာ တပ်စွဲထားတဲ့ ခမရ-၅၈၂၊ ခမရ-၅၈၄ ပူးပေါင်းတပ်ကိုလည်း မေလ ၂၃ ရက်နေ့က တိုက်ခိုက်ချေမှုန်းခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ တပ်ကြပ်ကြီး (၁) ဦး အပါ အဝင် (၆) ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုလည်းများတယ်လို့ဆိုပါတယ်။
ဒါ့အပြင် MA-1 (၆)လက်၊ MA-3 (၄)လက်၊ MA-4 (၁) လက်၊ သံခမောက် (၅) လုံး၊ ကျည်ကာ (၄) စုံ၊ MA-1 ကျည် ဘောက် (၁၅)ခု၊ အီနာကာ MAခွဲဗုံး (၅)လုံး၊ MA ကျည်ဆံ (၂၀၇)တောင့်၊ M-79 ဗုံးသီး(၁၈)လုံး၊ ခေါက်ဆိုလာ (၁) ချုပ်၊ စကားပြောစက် (၁) လုံး နဲ့ ဖုန်း (၁) လုံးတို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။





Comments