top of page

K-Pop အဆိုတော် EJAE နဲ့ အော်ပရာအဆိုတော် Andrea Bocelli တွဲဖက်ဖျော်ဖြေခဲ့တဲ့ မက္ကဆီကို ကမ္ဘာ့ဖလားဖွင့်ပွဲ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 12
  • 1 min read

VOC/ June 12, 2026


“KPop Demon Hunters” ကာတွန်းရုပ်ရှင်မှ “Golden” သီချင်းကို သီဆိုခဲ့တဲ့ တောင်ကိုရီးယား-အမေရိကန် အဆိုတော်၊ တေးရေး EJAE ဟာ မက္ကဆီကိုမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ နာမည်ကျော် အီတလီ အော်ပရာ အဆိုတော် Andrea Bocelli နဲ့အတူ FIFA ကမ္ဘာ့ဖလားသီချင်း ဖြစ်တဲ့ “DNA” ကို သီဆိုခဲ့ပါတယ်။ နာမည်ကျော် ကိုလံဘီယာအဆိုတော် Shakira ကလည်း သူမရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားသီချင်းဖြစ်တဲ့ Dai Dai ကို မြူးကြွစွာ ဖျော်ဖြေခဲ့ပါတယ်။

“DNA” ဟာ အမေရိကန်၊ ကနေဒါ နဲ့ မက္ကဆီကိုနိုင်ငံ သုံးနိုင်ငံမှ ပထမဆုံးအကြိမ် ပူးတွဲကျင်းပတဲ့ သမိုင်းဝင်ပြိုင်ပွဲအတွက် စည်းလုံးညီညွတ်မှုစိတ်ဓာတ်ကို ကိုယ်စားပြုကြောင်း FIFA က ပြောထားပါတယ်။ ဇူလိုင် ၁၉ ရက်နေ့ထိ မြို့ကြီး ၁၆ မြို့မှာ ယှဉ်ပြိုင်ကစားကြမယ့် ဒီဘောလုံးပြိုင်ပွဲမှာ နိုင်ငံပေါင်း ၄၈ နိုင်ငံမှ ကိုယ်စားပြုကစားသမား ၁၂၄၈ ဦးပါဝင်ထားပါတယ်။

ပါဝင်တဲ့ ၄၈ သင်းမှာ ကနေဒါ၊ မက္ကဆီကို၊ USA၊ သြစတြေးလျ၊ အီရတ်၊ IR အီရန်၊ ဂျပန်၊ ဂျော်ဒန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ ဥဇဘက်ကစ္စတန်၊ အယ်လ်ဂျီးရီးယား၊ ကာဘိုဗာဒီ၊ ကွန်ဂို DR၊ အိုင်ဗရီကို့စ်၊ အီဂျစ်၊ ဂါနာ၊ မော်ရိုကို၊ ဆီနီဂေါ၊ တောင်အာဖရိက၊ တူနီးရှား ၊ ဘရာဇီး၊ ကူရာကောင်၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ပါရာဂွေး၊ ဥရုဂွေး၊ နယူးဇီလန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ခရိုအေးရှား၊ ချက်ချီးယား၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ နော်ဝေ၊ ပေါ်တူဂီ၊ စကော့တလန်၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ တူရကီတို့ ဖြစ်ပါတယ်။



 
 
 

Comments


bottom of page