Joshua Van ဘန်ကောက်မြို့ရောက်ရှိ
- thevoiceofchinland
- Jun 2
- 1 min read
VOC/ June 2, 2026
UFC ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van ဟာ ဒီကနေ့ ဇွန်လ ၂ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိ နေပြီလို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးလာပါတယ်။
Joshua Van ဟာ မေလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ချင်းဒုက္ခသည်ကော်မတီ-မလေးရှားရဲ့ ၂၅ နှစ်ပြည့်ငွေရတု အခမ်းအနားမှာ အထူးဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ မှာ မေလ ၃၀ ရက်နေ့က ကျင်းပတဲ့ MISMA Fight Night မှာလည်း အထူးဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
မလေးရှား နဲ့ မီဇိုရမ်ခရီးစဉ်တွေမှာ မြန်မာပရိတ်သတ်တွေအပါအဝင် ဒေသခံပြည်သူတွေရဲ့ အားပေးထောက်ခံမှုတွေ ကို တခဲနက်ရရှိခဲ့ပြီး မီဇိုရမ်ဝန်ကြီးချုပ်ကိုယ်တိုင်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ယခုအခါမှာတာ့ အိန္ဒိယနိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်နေပြီဖြစ်ပြီး၊ ဘန်ကောက်မှာ ဘယ်လိုအစီစဉ် တွေရှိမလဲဆိုတာတော့ မသိရသေးပါဘူး။
Joshua Van ဟာ လာမယ့် ဇွန်လ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တို့မှာ ကျင်းပဖို့ရှိနေတဲ့ UFC White House Fan Fest ပွဲမှာ လည်း တက်ရောက်ဖို့ရှိနေပါတယ်။




Comments