top of page

India ချင်းနယ်စပ်မှာ အဖမ်းခံထားရတဲ့ အမေရိကန်ဒါရိုက်တာ Matthew VanDyke အတွက် ကောင်စစ်ဝန်ရုံးက ဝင်ရောက်စွက်ဖက်ပေးဖို့ မိသားစုတောင်းဆို

  • Writer: thevoiceofchinland
    thevoiceofchinland
  • May 16
  • 1 min read

VOC/ May 16, 2026


အိန္ဒိယနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ စွဲချက်တင်ဖမ်းဆီးခံထားရတဲ့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Matthew VanDyke ရဲ့ ကျန်းမာရေးစိုးရိမ်‌‌ေနရတဲ့အတွက် သူ့ရဲ့ မိသားစုဝင်‌ေတွက အမေရိကန်ကောင်စစ်ဝန်ရုံးမှ အရေးပေါ်ဝင်ရောက်စွက်ဖက်‌ေပးရန် တောင်းဆိုခဲ့ပါတယ်။

 VanDyke နဲ့ ယူကရိန်းနိုင်ငံသား ခြောက်ဦးကို ပြီးခဲ့တဲ့ မတ်လက ကန့်သတ်နယ်မြေများထဲ ဝင်ရောက်ခြင်း၊ မြန်မာနိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်ခြင်းနဲ့ လူမျိုးစုစစ်သွေးကြွများကို စစ်တပ်သုံးဒရုန်း လေ့ကျင့်ပေးခြင်းတို့နဲ့ အိန္ဒိယအာဏာပိုင်‌ေတွက ဖမ်းဆီးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ တရားမဝင်လှုပ်ရှားမှုများ (ကာကွယ်ရေး) ဥပဒေအရ အဆိုပါအမှုကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေမှာ သံတမန်ရေးရာ အာရုံစိုက်မှု ရရှိခဲ့သလို ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေ တိုးပွားလာတဲ့အတွက် မိသားစုက အမေရိကန်အစိုးရအကူအညီကို တောင်းခံခဲ့တာ ဖြစ်ပါတယ်။

Matthew VanDyke ရဲ့ ဆွေမျိုးများက သူ့ရဲ့ ထိန်းသိမ်းခံရမှုကို “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေ” အဖြစ် ဖော်ပြခဲ့ပြီး လမ်းမလျှောက်နိုင်ခြင်းနဲ့ ဘီးတပ်ကုလားထိုင် လိုအပ်တဲ့ကာလတွေကို ကိုးကားပြောဆိုပါတယ်။

 ဒေလီမြို့ရှိ Tihar အကျဉ်းထောင်မှာရှိနေစဉ် သူ့ရဲ့ အခွင့်အရေးများ၊ လူမှုဖူလုံရေးနဲ့ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုများကို ကာကွယ်‌ေပးဖို့ အမေရိကန်ကောင်စစ်ဝန်ရုံးမှ အကူအညီကို တရားဝင် တောင်းဆိုခဲ့ကြပါတယ်။

Matthew VanDyke ဟာ အမေရိကန် နိုင်ငံတကာ လုံခြုံရေး ခွဲခြမ်းစိတ်ဖြာသူ၊ နိုင်ငံခြား တိုက်ခိုက်ရေးသမား၊ မီဒီယာ ပုဂ္ဂိုလ်၊ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ နဲ့ အငြင်းပွားဖွယ်ရာ အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်တဲ့ Sons of Liberty International ရဲ့ တည်ထောင်သူလည်း ဖြစ်ပါတယ်။(အဆိုပါအဖွဲ့ဟာ ISIS ကို တိုက်ခိုက်နေတဲ့ တိုက်ခိုက်နေသော အဖွဲ့များကို လေ့ကျင့်ပေးတဲ့အဖွဲ့ဖြစ်ပါတယ်။)

Matthew VanDyke ဟာ Muammar Gaddafi ကို တိုက်ခိုက်နေတဲ့သူပုန်များနဲ့ပူးပေါင်းခဲ့တဲ့အတွက် ၂၀၁၁ ခုနှစ် လစ်ဗျားပြည်တွင်းစစ်အတွင်းမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုလည်း ရထားပါတယ်။ သူ့ကို ထရီပိုလီတွင် ဖမ်းဆီးပြီး မြို့သိမ်းတိုက်ပွဲမှာ မလွတ်မြောက်ခင်အထိ ခြောက်လနီးပါး တစ်ယောက်တည်း ချုပ်နှောင်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဆီးရီးယားနိုင်ငံမှာ Not Anymore: A Story of Revolution in Aleppo မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး သူ့ရဲ့ဘဝမှတ်တမ်းကိုလည်း ဆုရရုပ်ရှင် Point and Shoot မှာထည့်သွင်းဖော်ပြခဲ့ပါတယ်။


Source: Msn.com, matthew vandyke website



 
 
 

Comments


bottom of page