top of page

Farkawn YMA က CNF/CNA ဌာနချုပ်ဘက်ကို ကုန်စည်သယ်ယူခွင့်ပြန်ပြု

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 8
  • 1 min read

VOC/ June 7, 2026


အိန္ဒိယ-မြန်မာနယ်စပ်မှာတည်ရှိတဲ့ မီဇိုရမ်ပြည်နယ် Farkawn ကျေးရွာကနေ ချင်းအမျိုးသားတပ်ဦး CNF/CNA ဌာနချုပ်ဘက်ကို ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခွင့်ပိတ်ပင်ထားမှုကို Farkawn မီဇိုးလူငယ်အသင်း-YMA က ပြန်လည်ခွင့်ပြုလိုက်ပြီလို့သိရပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF/CNA က အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြားစီးဆင်းနေတဲ့ တီအိုချောင်းကသဲတွေကို တားမြစ်နေရာမှာထုတ်ယူလို့ဆိုပြီး Farkawn ကျေးရွာ YMA က သူတို့ကျေးရွာကနေ CNF ဌာနချုပ်ဘက်ကို မေလ ၂၃ ရက်နေ့ကနေ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခွင့်ကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဇွန်လ ၆ ရက်နေ့က CNF/CNA က တာဝန်ရှိသူတွေနဲ့ Farkawn ကျေးရွာ YMA အမှုဆောင် ကော်မတီအဖွဲ့တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် သဘောတူညီချက်ရရှိပြီး ကုန်ပစ္စည်းသယ်ယူခွင့်ပိတ်ပင်ထားမှုကို လည်း ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ Farkawn YMA က ထုတ်ပြန်ပါတယ်။



 
 
 

Comments


bottom of page