CDF-Tonzang ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ကို အကြမ်းဖက်စစ်တပ် နဲ့ ချင်းပျူစောထီး ZRA ပူးပေါင်းတပ်က ကျူးကျော်သိမ်းပိုက်
- thevoiceofchinland
- May 19
- 1 min read
VOC/ May 19, 2026
CDF-Tonzang တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ကို အကြမ်းဖက်စစ်တပ် နဲ့ ချင်းပျူစောထီး ZRA-EC ပူးပေါင်း တပ်ဖွဲ့ တွေက လေကြောင်းပစ်ကူအပါအဝင် အင်အားအလုံးအရင်းဖြင့် ကျူးကျော်တိုက်ခိုက်ရာမှာ ယနေ့ညနေပိုင်းမှာ သိမ်းပိုက် လိုက်ပြီလို့ ရှေ့တန်း သတင်းရင်းမြစ်ထံကနေသိရပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ချင်းပျူစောထီး ZRA-EC တပ်ဖွဲ့တွေဟာ တွန်းဇံမြို့ကို တီးတိန် နဲ့ ကျီခါးမြို့ဘက်ကနေ စစ် ကြောင်း ၂ ကြောင်းဖြင့် ကျူးကျော်ထိုးစစ်ဆင်လာရာမှာချင်းတော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီးနောက် လေကြောင်းကနေ အပြင်းအထန်ပစ်ကူမှုတွေကြောင့် ညနေပိုင်းမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တွန်းဇံမြို့ကနေ ဆုတ်ခွါပေး လိုက်ရတယ်လို့ သိရပါတယ်။
တွန်းဇံမြို့တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ် နဲ့ ချင်းပျူစောထီး ZRA-EC တပ်ဖွဲ့ဝင် အယောက် ၈၀ ခန့်သေဆုံးမှုရှိခဲ့ တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။
တွန်းဇံမြို့ဟာ ချင်းပြည်(Chinland) အစိုးရကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်မေလ ၂၃ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး CDF-Tonzang/Tonzang Township Council က ထိန်းချုပ်ကာ အုပ်ချုပ်ရေးလုပ်ငန်းဖော်ဆောင်နေ တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ကို ကျူးကျော်သိမ်းပိုက်ပြီးနောက်မှာ တီးတိန်မြို့ကို စစ်အင်အား ၆၀၀ ကျော်စေ လွှတ်ပြီးနောက် ချင်းပျူစောထီးလို့ခေါ်တဲ့ ZRA-EC တပ်ဖွဲ့နဲ့အတူ တွန်းဇံကို လေကြောင်း၊ ဒရုန်း၊ လက်နက်သာလွန် အင်အားဖြင့် ကျူးကျော်လာတာဖြစ်ပါတယ်။




Comments