CDF-Thantlang နဲ့ မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းများတွေ့ဆုံ
- thevoiceofchinland
- May 7
- 1 min read
VOC/ May 05, 2026
ထန်တလန်မြို့နယ်ကောင်စီ/CDF-Thantlang နဲ့ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ထဲက အရပ်ဖက်လူငယ်အဖွဲ့အစည်းတွေ တွေ့ဆုံပြီး စစ်ဘေးရှောင်အရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စ တွေ ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။
ထန်တလန်မြို့နယ်ကောင်စီ/CDF-Thantlang တာဝန်ရှိသူတွေဟာ ဧပြီလ ၂၈ ရက်နေ့က လောင်တလိုင်မြို့မှာ Central Young Lai Association(CYLA) ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး မေလ ၂ ရက်နေ့မှာလည်း Thingsai ကျေးရွာ မီဇိုးလူငယ်အဖွဲ့အစည်း(YMA) ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံမှုတွေမှာ စစ်ဘေးရှောင်အရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အဓိကဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
ဒါ့အပြင် CYLA နဲ့ YMA တို့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းဆောင် ရွက်ရာမှာအသုံးပြုဖို့အတွက် လက်ဆောင် တချို့ကိုလည်း CDF-Thantlang က ပေးအပ်ခဲ့တယ်လို့သိရပါတယ်။
ထန်တလန်မြို့နယ်ကောင်စီ/CDF-Thantlang တာဝန်ရှိသူတွေဟာ လောင်တလိုင်မြို့၊ Sangau နဲ့ Thingsai တို့မှာရှိတဲ့ ချင်းစစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။











Comments