top of page

CDF-Hakha ဒုဥက္ကဌဟောင်း ဆလိုင်းဆန်းလိန်ကို ပစ်သတ်သူ အတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ဟု CDF-Hakha ဗဟိုကောင်စီထုတ်ပြန်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 19
  • 1 min read

VOC/ June 10, 2026


ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha ဒုဥက္ကဌဟောင်း ဆလိုင်းဆန်းလိန်ကို သေနတ်ဖြင့်ပစ်သတ်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်ကို အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ CDF-Hakha ဗဟို ကောင်စီက ဒီကနေ့ဇွန်လ ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

“ ဆလိုင်းဇာကျုံးလျန်သည် ဆလိုင်းဆန်းလိန်သေဆုံးမှုအတွက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် CDF-Hakha စစ်ဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်း ပုဒ်မ ၄၉ အရ ပြစ်မှုထင်ရှားတာကြောင့် ၎င်းကို CDF-Hakha စစ်ဘက်ဆိုင်ရာ ထောင်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ် ကျခံစေရန် အမိန့်ချမှတ်သည်။"ဟု CDF-Hakha ဗဟိုကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



 
 
 

Comments


bottom of page