CDF-Asho ဆေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်ရဲဘော်နဲ့ လူနာ ၁၃၀ ကျော်ကို ဆေးဝါးကုသမှုပေး
- thevoiceofchinland
- Jun 5
- 1 min read
VOC/ June 3, 2026
ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ CDF-Asho ဆေးတပ်သားတွေက ပြီးခဲ့တဲ့မေလအတွင်းမှာ တပ်ဖွဲ့ဝင်ရဲဘော် တွေနဲ့ ဒေသခံလူနာ ၁၃၀ ကျော်ကို ဆေးဝါးကုသမှုပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ ရက်ကနေ ၃၁ ရက်နေ့အထိ တလအတွင်းမှာ CDF-Asho စခန်းအားလုံး နဲ့ ကျေးရွာဒေသခံလူနာ ၁၃၆ ဦးကို ဆေးဝါးကုသမှုပေးနိုင်ခဲ့တယ်လို့ CDF-Asho Team ကအသိပေးပါတယ်။
ဆေးတပ်ဖွဲ့အနေနဲ့ တပ်ဖွဲ့ဝင်ရဲဘော် ၃၅ ဦး၊ တပ်မိသားစု ၃ ဦး၊ အကျဉ်းသား ၅ ဦး၊ အရပ်သား ၉၁ ဦး နဲ့ ခိုလှုံ ၂ ဦးတို့ကို ဆေးဝါးကုသမှုပေးနိုင်ခဲ့တာဖြစ်ပြီး ခုလိုဆေးဝါးကုသမှုပေးနိုင်အောင် ဆေဝါးအလှူ သီးခြားပံ့ပိုးပေးတဲ့ ပြည်တွင်းပြည် က ဝိုင်းရံထောက်ပံ့သူတွေကို ကျေးဇူးတင်ရှိကြောင်း CDF-Asho Team က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာလည်း CDF-Asho စခန်းအားလုံး နဲ့ ကျေးရွာဒေသခံလူနာ ၁၃၃ ဦးကို ဆေးဝါးကုသမှုပေးနိုင်ခဲ့ တယ်လို့ သိရပါတယ်။










Comments