top of page

#BreakingNews || မတရားဖမ်းဆီးခံရတဲ့ သမ္မတ ဦးဝင်းမြင့် ပြန်လွတ်ပြီ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Apr 17
  • 1 min read

VOC/ April 17, 2026

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့ကတည်းက မတရားဖမ်းဆီးချုပ်နှောင်ခံ ထားရတဲ့ သမ္မတ ဦးဝင်းမြင့်ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီလို့သိရပါတယ်။

ဒီကနေ့ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ ဦးဝင်းမြင့်ကို လက်ရှိကျခံနေရသော ပြစ်ဒဏ်များအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး မိသားစုထံ ပြန်လည်စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ အကြမ်းဖက်စစ်တပ်က အဂတိအမှု(၄)မှုအပြင် ပုဒ်မ ၁၃၀-က တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် (၉)နှစ်နှင့် (၆)လ ပြစ်ဒဏ်ချမှတ်ခဲ့တာြဖစ်ပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီကနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အကျဉ်းသား/ အကျဉ်းသူ ၄၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တယ်လို့သိရပါတယ်။


 
 
 

Comments


bottom of page