AI Roosevelt နဲ့ စကားပြောခဲ့တဲ့ သမ္မတထရမ့် “ပနားမားတူးမြောင်းက ခင်ဗျားရဲ့ အကြီးမားဆုံး အောင်မြင်မှုလား”
- thevoiceofchinland
- Jul 2
- 1 min read
VOC / International / July 1, 2026
အမေရိကန်သမ္မတ Donald Trump ဟာ အမေရိကန်နိုင်ငံ တည်ထောင်ခြင်း နှစ် ၂၅၀ ပြည့်အထိမ်းအမှတ်မတိုင်မီ ဇူလိုင် ၁ ရက်နေ့မှာ North Dakota ပြည်နယ်ရှိ Theodore Roosevelt Presidential Library ကို သွားရောက်ခဲ့ပါတယ်။ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ အမေရိကန်၂၆ ဆက်မြောက် သမ္မတဟောင်း Theodore Roosevelt ရဲ့ ပုံရိပ်နဲ့ စကားပြောဆိုခဲ့ပါတယ်။
Trump က “Panama Canal တည်ဆောက်ခဲ့တာက ခင်ဗျားရဲ့ အကြီးမားဆုံး အောင်မြင်မှုလား” လို့ မေးမြန်းရာမှာ AI Roosevelt က “လူတွေရဲ့ ဘဝကို ဘယ်လောက်ထိ တိုးတက်ကောင်းမွန်စေခဲ့သလဲ ဆိုတာနဲ့ပဲ အောင်မြင်မှုကို တိုင်းတာရမှာပါ။ ဒါပေမယ့် Panama Canal ကတော့ သမိုင်းမှာ မဖျောက်ဖျက်နိုင်တဲ့ အမှတ်အသားတစ်ခု ချန်ထားခဲ့ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။ Trump ကို “စိတ်ဓာတ်မကျပါနဲ့၊ နိုင်ငံ အကျိုးကိုအရင်ဦးစားပေးပါ” လို့လည်း အကြံပေးခဲ့ပါတယ်။
Theodore Roosevelt ဟာ နယူးယောက်မြို့မှာ မွေးဖွားခဲ့ပေမယ့် မိခင်နဲ့ ဇနီးကို တစ်နေ့တည်း ဆုံးရှုံးခဲ့ရပြီးနောက် North Dakota မှာ မွေးမြူရေးခြံဖွင့်ကာ ဘဝကို ပြန်လည်တည်ဆောက်ခဲ့သူ ဖြစ်ပါတယ်။ Roosevelt က “North Dakota မှာ ကုန်ဆုံးခဲ့တဲ့ အချိန်တွေ မရှိခဲ့ရင် သမ္မတတောင် ဖြစ်လာနိုင်မှာ မဟုတ်ဘူး” လို့ တစ်ချိန်က ပြောခဲ့ဖူးပါတယ်။
အမေရိကန် ပြည်ထဲရေးဝန်ကြီး Doug Burgum ကလည်း “နိုင်ငံတည်ထောင်တဲ့ ပထမနှစ်မှာ George Washington၊ ၁၂၅ နှစ်ပြည့်မှာ Theodore Roosevelt နဲ့ အခု ၂၅၀ နှစ်ပြည့်မှာ Donald Trump ကို ကြိုဆိုရတာ ဖြစ်ပါတယ်။ သူတို့သုံးဦးစလုံးဟာ ဒီနိုင်ငံကို ရှေ့ဆက်တိုးတက်စေခဲ့တဲ့ ထူးခြားတဲ့ ခေါင်းဆောင်တွေပါ” လို့ ပြောကြားခဲ့ပါတယ်။
Source x




Comments