top of page

Joshua "The Fearless Van" ရဲ့ ပထမဆုံး ချန်ပီယံကာကွယ်ပွဲစဉ် မေလ ၉ ရက်နေ့မှာ ကျင်းပမည်

  • Writer: thevoiceofchinland
    thevoiceofchinland
  • 6 days ago
  • 1 min read

VOC/ May 5, 2026


လာမယ့် မေလ ၉ ရက်၊ ဒေသစံတော်ချိန် ည ၉ နာရီမှာ ယှဉ်ပြိုင်ရမယ့် UFC ပွဲစဉ် ၃၂၈ မှာ Joshua "The Fearless Van" ရဲံ့ UFC ဖလိုင်းဝိတ်ချန်ပီယံနေရာကာကွယ်ပွဲကို ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

လက်ရှိ ချန်ပီယံ Joshua Van (16-2) နဲ့ အာရှဖွား ချန်ပီယံခါးပတ် စိန်ခေါ်သူ Tatsuro Taira (18-1) တို့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီပွဲဟာ ချင်းတိုင်းရင်းသား အမေရိကန်နိုင်ငံသား Joshua "The Fearless" Van အတွက် ပထမဆုံး ချန်ပီယံဆုကာကွယ်ပွဲဖြစ်ပါတယ်။ Taira ဟာ UFC ဖလိုင်းဝိတ်တန်းမှာ အဆင့် ၃ နေရာမှာရှိနေပြီး နောက်ဆုံးပွဲစဉ် နှစ်ပွဲဆက်အနိုင်ရထားပါတယ်။

UFC 328 ကို မေလ ၉ ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Newark ရှိ Prudential Center မှာ ကျင်းပမှာဖြစ်ပြီး အဓိကပွဲစဉ်မှာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံနေရာလုပွဲဖြစ်ပြီး လက်ရှိချန်ပီယံ Khamzat Chimaev နဲ့ ချန်ပီယံဟောင်း Sean Strickland တို့ရဲ့ ချန်ပီယံလုပွဲဖြစ်ပါတယ်။

မြန်မာနွယ်ဖွား ချင်းတိုင်းရင်းသား Joshua Van ရဲ့ ပြိုင်ပွဲကို မြန်မာနိုင်ငံက ပရိသတ်တွေအနေနဲ့ မေလ ၁၀ ရက်နေ့ မနက် ၇ နာရီခွဲအချိန်မှာ အားပေးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။


Source - MMA Weekly



 
 
 

Comments


bottom of page